• No products in the cart.

About

မြန်မာ့ ကျေးဇူးတော် သမ္မာကျမ်းစာ ကောလိပ် (နိုင်ငံတကာ)
Myanmar Grace Bible College (International)

ကျောင်းအမျိုးအစား

မြန်မာ့ ကျေးဇူးတော် သမ္မာကျမ်းစာ ကျောင်းသည် အဝေးသင်စနစ်ဖြင့် ဖွင့်လှစ်သောကျောင်း ဖြစ် သည်။ အင်တာနက် website မှာ sign up လို့ လုပ်၍ လေ့လာဖြေဆိုရမည့် ကျောင်းဖြစ်ပါသည်။ အောန်လိုင်း (Internet Online)ကို သုံး၍အချို့သော ဘာသာရပ်များကို Zoom ဖြင့် သင်ကြားပေးမည့် သမ္မာကျမ်းစာ ကျောင်း ဖြစ်သည်။ ထို့ကြောင့် Internet သုံးတတ်သူများအတွက် အထူးသဖြင့် ပိုမိုသင့်လျော်မည် ဖြစ်သည်။ သို့သော် မြန်မာပြည်မှ အချို့သော Internet မသုံးတတ်သူများအတွက် စာတိုက်ဖြင့် ပေးပို့၍ ဖြေဆိုနိုင်ပါသည်။

 

ချီးမြှင့်နိုင်သော ဘွဲ့များ။ DipBS., B.B.S., B.Min

MGBCI တွင် တက်ရောက်သော ကျောင်းသူ၊ ကျောင်းသားများအတွက် Semester (၆) ခုဖြင့် ခွဲပေး ထားပါသည်။ Semester တစ်ခုကို (၄)လခွဲ ဖြေဆိုရမည် ဖြစ်ပြီး၊ တစ်နှစ်တွင် Semester နှစ်ခု ဖြေဆိုရမည် ဖြစ်ပါသည်။ Semester (၄)ခု ဖြေဆိုအောင်မြင်ပြီး ဆက်လက်၍ မဖြေဆိုနိုင်သူများကို DipBS (Diploma of Biblical Study)ဘွဲ့ကို ချီးမြှင့်မည် ဖြစ်ပါသည်။ ထို့နောက် Semester (၆)ခုစလုံး အောင်မြင် ပြီးဆုံးသော်လည်း ဘုရားသခင်၏ အမှုတော်မြတ်၌ အတွေ့အကြုံ လုံးဝမရှိပါက B.B.S (Bachelor of Biblical Study ) ဘွဲ့ကို ချီးမြှင့်မည် ဖြစ်သည်။ MGBCI မှ အမြင့်ဆုံး ချီးမြှင့်နိုင်သော ဘွဲ့မှာ B.Min (Bachelor of Ministry) ဖြစ်သည်။ ထိုဘွဲ့ ချီးမြင့်ခြင်း ခံရမည့်သူသည် Semester (၆)ခု စလုံးကို ဖြေဆိုအောင်မြင်သူ ဖြစ်ရမည်။ ထို့ပြင် ဘုရား သခင်၏ အမှုတော်မြတ်၌ အနည်းဆုံးနှစ်နှစ် အတွေ့အကြုံရှိသူလည်း ဖြစ်ရမည်။
ဘွဲ့လက်မှတ်ရရှိမည့် ကျောင်းသူ၊ ကျောင်းသားများသည် အထက်ပါဘာသာရပ်များကို ဖြေဆို အောင်မြင်ပြီးမှ နှုတ်ဖြေစာမေးပွဲကို Online ဖြင့် ထပ်မံဖြေဆိုရပါမည်။


အမှတ်ပေးစနစ်

MGBCI ကျောင်း၏ အမှတ်ပေးစနစ်သည် နိုင်ငံတကာ ဓမ္မတက္ကသိုလ် စံချိန်စံညွှန်းနှင့်အညီ ပြုလုပ် ထားပါသည်။

  ရမှတ်     ပေးမှတ် 
  ၉၇-၁၀၀    A+
  ၉၄-၉၆    A
  ၉၁-၉၃    A-
  ၈၇-၉၀    B+
  ၈၄-၉၆    B
  ၈၁-၈၃    B-
  ၇၇-၈၀    C+
  ၇၄-၇၆    C
  ၇၁-၇၅    C-
  ၆၇-၇၀    D+
  ၆၄-၆၆    D
  ၆၁-၆၉    D-

ရမှတ် (၆၀) ထက် နည်းပါက ဤကျောင်းတော်ကြီးမှ ချီးမြှင့်သော ဘွဲ့များကို ရရှိနိုင်မည် မဟုတ်ပါ။ ရမှတ်များ အဆင့် (A+, A, A-, B+, B, B-, C+, C, C-) စသည်ဖြင့် ခွဲထားပေးခြင်းသည် ဘွဲ့ရကျောင်းသူ၊ ကျောင်းသားများအနေဖြင့် အခြားကျောင်းများ၌ ဆက်လက်တက်ရောက်လိုပါက အထောက်အကူပြုနိုင်ရန် ဖြစ် ပါသည်။

ကျောင်းလခ သတ်မှတ်ခြင်းနှင့် ပေးသွင်းရမည့် ပုံစံ


MGBCI ကျောင်းတော်ကြီးသည် သမ္မာကျမ်းစာတော်မြတ်ကို နက်နက်နဲနဲ လေ့လာနိုင်ရန် ဘုရားသခင်ကို ချစ်သောအမှုတော်ဆောင်များ (သို့မဟုတ်) ဓမ္မပညာကို လေ့လာလိုသူများ၏ လိုအပ်ချက်များ ထောက်ရှု၍၊ ဘုရားသခင်၏အလိုတော်ကို ဝန်ခံကာ ဖွင့်လှစ်ထားသော ကျောင်း တော်ကြီး ဖြစ်ပါသည်။ ငွေကြေး ပိုလျှံနေ၍ ဖွင့်လှစ်ထားခြင်း မဟုတ်ပါ။ ထိုကြောင့် ဤ ကျောင်း တော်ကြီး၌ တက်ရောက်လူသူတိုင်း အခက်အခဲမရှိဘဲ အဆင်ပြေစွာ တက်ရောက်နိုင်ရန် ကျောင်း လခကို အောက်ပါအတိုင်း သတ်မှတ်ပေးပါသည်။ ကယ်တင်ခြင်းသည် ဘုရားသခင် ပေးသနား တော်မူသော လက်ဆောင် ဖြစ်သော်လည်း သမ္မာတရားသည် အဖိုးအခပေး၍ ဝယ်ရန်ဖြစ်သည်။ “သမ္မာတရားကို ဝယ်လော့၊ မရောင်းနှင့်” (သု၊၂၃း၂၃)။

နိုင်ငံအလိုက် ကျောင်းလခ သတ်မှတ်ပုံ

နိုင်ငံများ

Semester တစ်ခု

Semester အားလုံး

 ဥရောပ ၊ တ/မ အမေရိက
နှင့် ဂျပန်
သြစထေးလျ၊ နယူးဇီလန်၊ ကိုရီးယား၊ စင်ကာပူ 
US$ 100   US$ 600  
 မလေးရှား RM 200  RM 1200 
 မြန်မာ Ks. 50,000  Ks. 300,000 

 

မှတ်ချက်။ မဖေါ်ပြသော နိုင်ငံများမှ တက်ရောက်သူများသည် ကျောင်းတော်နှင့် ညှိနှိုင်းရန်။

ဓမ္မပညာသင်ဆု ချီးမြှင့်ခြင်း
MGBCI မှ ဘုရားသခင်၏ အမှုတော်မြတ်အတွက်သော်လည်းကောင်း၊ ဘုန်းတော်အတွက်သော် လည်းကောင်း သာ၍ဆက်ကပ်နိုင်ရန် ဤကျောင်းတော်ကြီး၌ ပထမအသုတ်တွင် တက်ရောက်သူအားလုံးကို ကျေးဇူးတုန့်ပြန်သောအနေဖြင့် ပထမနှစ်၏ ပထမ-နှစ်ဝက် (1st year, 1st Semester) စာသင်ချိန်ကို အခမဲ့ဖြင့် တက်ရောက် ဖြေဆိုခွင့်ပေးမည်ဖြစ်ပါသည်။ ကျောင်းလခ အခက်အခဲရှိသော ကျောင်းသားကျောင်းသူများသည် မိမိ၏အခက်အခဲများကို ကျောင်း တော်ကြီးသို့ တင်ပြနိုင်လျှင် ကျောင်းတော်ကြီးမှ ပညာသင်ဆု (Scholarship)ဖြင့် တက်ရောက်ဖြေဆိုခွင့်ပေး မည် ဖြစ်ပါသည်။

အသိပေးကြေညာချက်

www.mgbci.com Website တွင် Sign Up လုပ်၍ ဖတ်ရှုလေ့လာပြီး Web page ဖြင့် အဖြေ လွှာများကို ထို web page တွင်ပင် ဖြေဆိုရမှာ ဖြစ်သည်။ Email အားဖြင့်လည်း အဖြေလွှာများကို ပေးပို့နိုင် ဖြစ်ပါသည်။ ထို့ကြောင့် ဤကျောင်းတော် ကြီးတွင် တက်ရောက်မည့် သူသည် email Account သော်လည်း ကောင်း၊ messenger Account သော်လည်းကောင်း လုပ်ထားရန် လိုအပ်ပါ မည်။ ဤကျောင်းတော်ကြီးတွင် တက်ရောက်လိုသောသူများသည် သမ္မာတရားကို သင်ယူလိုသောသူ များနှင့် ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေရန် ဆက်ကပ်လိုသောသူများ ဖြစ်ရမည်။ မြန်မာစာ ရေးတတ် ဖတ်တတ်သောသူ ဖြစ်ရမည်။ မှတ်ချက်။ ။ မြန်မာပြည်မှ တက်ရောက်လိုသူများကို စာတိုက်အားဖြင့်လည်း ဆက်သွယ် ဖြေဆိုနိုင် ပါသည်။ အဖြေလွှာများကို email သို့မဟုတ် messeger ဖြင့် ပေး ပို့ရမှာ ဖြစ်ပါသည်။

ဆက်သွယ်ရန် ။ ။
Myanmar Grace Bible College (International)
USA : John Saw Kay – Ph: 316 347 5775
Myanmar : Ps. Ral Hmung – Ph. 09956101748
Dr. Joel Laihlih – Ph. 09799927398
Email: myanmar.gbc@gmail.com

 

Please enter your email, so we can follow up with you.
top